Tuesday, June 18, 2013
ဖတ်မိတဲ့စာလေးတစ်ချို့
အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။
ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှ
ာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။
ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…
တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။
သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။
နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”
သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။
သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။
အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။
မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။
အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။
သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။
တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ် 
“ရှင်တို့နဲ့ မခွဲရက်ဘူး… ” 
သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…
ဒါပေမဲ့…
အဲဒီအချိန်မှာ…
ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”
ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”
ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။ 
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။
ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…
ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…
ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို … 
ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ… 
ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။
ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်… 
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။
ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…
ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။
ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။ 
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”
ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…
သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”
သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…
မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…
ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…
ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…
သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်… 
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…
အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…
အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…
သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။
အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”
အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”
ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…
အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…
မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?
facebook မှကူးယူဖော်ပြပါသည်။
Tuesday, October 23, 2012
car
car
ကုန်ဆုံးသွားသောအချိန်များကိုဆန်းစစ်လေ့လာခြင်း
နှစ်တစ်နှစ်ရဲ့ တန်ဖိုးကိုသိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကိုမေးကြည့်ပါ။ လတစ်လရဲ့ တန်ဖိုးကိုသိချင်ရင်လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။ ရက်တစ်ပတ်ရဲ့ တန်ဖိုးကိုသိချင်ရင်အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတစ်ဦးကို မေးကြည့်ပါ။ တစ်နာရီရဲ့ တန်ဖိုးကိုသိချင်ရင် ဆုံစည်းခွင့်ကို စောင့်နေတဲ့ ချစ်သူများကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့ တန်ဖိုးကိုသိချင်ရင် ရထားမမှီလိုက်တဲ့ခရီးသည်ကို မေးကြည့်ပါ။ တစ်စက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင် ယာဉ်တိုက်မှုမှ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကိုမေးကြည့်ပါ။ တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင် အိုလံပစ်ငွေတံဆိပ်ဆုရှင် ကို မေးကြည့်ပါ။
Tuesday, October 16, 2012
မြန်မာစကားပုံများ
ဆရာထက် ၊ တပည့်လက်စောင်းထက်
ဆရာများ ၊ သားသေ
ဆရာလည်းဝေး ၊ ဆေးလည်းပြယ်
ဆုတောင်းတိုင်းပြည့်လျှင် ၊ လူ့ ပြည်လူပင်မရှိ့ 
ဆူးကြားသီးသည့် ၊ ဘူးသီး
ဆူးပေါ်ဖက်ကျဖက်ပေါက် ၊ ဖက်ပေါ်ဆူးကျဖက်ပေါက်
ဆေးကောင်း ၊ သန်းခေါင်
ဆေးစက်ကျရာ ၊ အရုပ်ထင်
ဆေးစာဖတ်ရာ နားထောင်ပါ ၊ ရောဂါပျောက်နိုးနိုး
ဆေးလည်းအစာ ၊ အစာလည်းဆေး
ဆေးသမားမထောင်းသာ ၊ လူနာမခံချိ
ဆဲတာနှင့် ၊ ဆန်ချေးချေ
ဆံထုံးထုံး ၊ ဆီစိုက်
ဆိုဖန်များ ၊ မယားစကားအောင်
ဆိုလေကဲလေ ၊ မန်းလေးပြဲလေ
ဆင်ကန်း ၊ တောတိုး
ဆင်ကိုသတ် ၊ အရပ်ဝေသည်
ဆင်ကျီစားရာ ၊ ဆိတ်မခံသာ
ဆင်ကျောက၀န်သာမကြည့်နှင့် ၊ ဆင်ပါးစပ်လည်းသွင်းရမည်
ဆင်ကြမ်းကကျုံး ၊ လူကြမ်းကရုံး
ဆင်ခေါင်း ၊ ခွေးမချီနိုင်
ဆင်စွယ်မှန်ငြား ၊ ပိုးမစား
ဆင်ပေါ်ကလူ ၊ ခွေးဟောင်
ဆင်ပိန် ၊ ကျွဲလောက်
ဆင်ပြောင်းကြီး ၊ အပြီးကျမှတစ်
ဆင်ဖြူတော်ပြုတ်စားဆို ၊ အိုးခြင့်ယုံ
ဆင်ဖြူတော်မှီ ၊ ကြံစုတ်
ဆင်ဖြူမျက်နှာ ၊ ဆင်မည်းမကြည့်ဝံ့
ဆင်ဖြူဝင်မှာ ၊ ချည်ခင်နှင့် ကျိန်းကျေ
ဆင်ဖို့ ကျင်ငယ် ၊ ယင်ဖို့ ပင်လယ်
ဆင်ဖိုးထက် ၊ ချွန်းဖိုးကြီး
ဆင်မကြောက် ၊ ဖိနပ်ဖြစ်မည်
ဆင်လည်းဆင့်အတောင် ၊ ဆိတ်လည်းဆိတ့်အတောင်
ဆင်လိုက်မှ ၊ သစ်ပင်ရှာ
ဆင်ဝန်ကတော ၊ အကြောင့်ကြကြီး
ဆင်ဝှေ့  ၊ ရန်ရှောင်
ဆင်သေကို ၊ ဆိတ်သားရေနှင့်ဖုံး
ဆင်အိပ်ရာ ၊ ဆိတ်နိုး
ဆင်နားရွက် ၊ ၀က်တပ်
ဆင်ပါးစပ် ၊ နမ်းပက်
ဆင်ဥစ္စာ ၊ ခွေးမျှော်
ဆင်းရဲက ၊ ငရဲမကြောက်
ဆင်းရဲတစ်ခါ ၊ ချမ်းသာတစ်လှည့်
ဆင်းရဲလေလေ ၊ သံဝေရရ
ဆင်းရဲသား ၊ မင်းဖြစ်သလို
ဆည်ဝ ၊ ဗျိုင်းစောင့်သလို
ဆန်ကောမမည် ၊ ဆန်ခါမမည်
ဆန်ကောလောက်မှ ၊ စောက်မနက်
ဆန်ကုန် ၊ မြေလေး
ဆန်ခိုးမမိ ၊ ဖွဲခိုးမိ
ဆန်စင်ရာ ။ ကျည်ပွေ့ လိုက်
ဆန်ဆေးရင်း ၊ သေးပေါက်
ဆန်ပေးမှ ၊ ဆေးရ
ဆန်ဖြူဆန်ကောင်း ၊ ထောင်းမှသိ
ဆန်မရှိ ၊ အစားကြီး
ဆန်ရင်း ၊ နာနာဖွပ်
ဆပ်ပြာကောင်း၍ ၊ ခေါင်းပေါင်းဖြူ
ဆိတ်ချေးတစ်ရာ ၊ ဆင်ချေးတစ်တုံး
ဆုပ်လည်းဆူး ၊ စားလည်းရူး
ဆောက်ဖြစ်မှ ၊ ကျောင်းဒကာ
ဆွေကောင်းတစ်စလောင်း ၊ မျိုးကောင်းတစ်စလယ် ကိုယ်လုပ်မကြွယ်
ဆွေချင်းခြုံလုံ ၊ မျိုးခြင်းထပ်မြတ်
ဆွမ်းခံရင်း ၊ ငှက်သင့်
ဆွမ်းဆန်ထဲ ၊ ကြွက်ချေးရော.....။
" ဇ "
ဇိကုပ် ၊ နတ်ပြည်တင်
ဇိကုပ်နတ်ပြည်တင် ၊ မြင့်တယ်ထင်လို့ခုန်ချ
ဇတ်တူသားစား ၍ ၊ ဟင်္သာကိုးသောင်းပျက်
ဇမ္ဗူဒိပ် ၊ နိမိတ်
ဇီးကွက်လောက်တော့ ၊ ဌက်တိုင်းလှ...။
"စ်"
ဈေးစကား၊ မပွားပို။
ဈေးဖိုးတစ်ရာ ၊ ၀မ်းစာအစိတ်
ဈေးမတတ် ရွာအနှုန်း ၊ ဆံထုံးမတတ် ရွာဓလေ့...။
"ည"
ညားတော့ ဈေးသည် ၊ ရွယ်တော့ မဟာနွယ်
ညောင်မြစ်တူး ၊ ပုတ်သင်ဥပေါ်
ညောင်းသီးလဲစား ၊ လေးသံလဲနားထောင်
ညောင်ဦးကမ်းပါးပြိုတာနဲ့ ၊ စမ္ပာနဂိုရ်ကနွားမပေါင်းကျိုး
ညှော်သာညှော် ၊ ငါးကြော်မစားရ
ညပြောအောက်ကြည့်၊ နေ့ ပြောနောက်ကြည့်
ညောင်စေ့လောက်လှူ၊ ညောင်ပင်ကြီးလောက်ရ...။
"တ"
တစ်ကောင်ကြွက်၊ တစ်မျက်နာ
တစ်ကျမ်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း
တစ်ခါခိုး၊ ကိုးခါမိ
တစ်ခါဆက်ဆံ၊ ဆယ်ခါလန်
တစ်ခါလာ မဲပြာပုဆိုး
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်
တစ်ခြုံကွယ်၊ တစ်မယ်မေ့
တစ်ဆိတ်တစ်အိတ်လုပ်
တစ်လုပ်စားဖူး၊ သူ့ ကျေးဇူး
တစ်တိတစ်တနှင့်၊ တောင်ဝှေးလက်တစ်ဆစ်ကျန်
တစ်တောတစ်ကြက်ဖတွန်
တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်
တစ်နေ့ တစ်လ၊ံ ပုဂံဘယ်ပြေးမလဲ
တစ်နေ့ ရွှေ၊ တစ်နေ့ ငွေ
တစ်နွယ်ငင်၊ တစ်စင်ပါ
တစ်ပူပေါ် နှစ်ပူဆင့်
တစ်ပင်လဲမူး တစ်ပင်ထူ
တပည့်မကောင်း၊ ဆရာခေါင်း
တပည့်လိမ္မာ၊ ဆရာအာပတ်လွတ်
တပေါင်းတန်ခူး၊ ၀မ်းမနူးနှင့်
တစ်ပြားကို နှစ်ပြားမှတ်လို့ ခွာ
ဆစ်မိုးလုံးဖျောက်ဆိတ်ချည်း
တစ်မိုးအောက် တစ်ယောက်
တစ်မင်းပြောင်းမှ၊ တစ်မင်းအကြောင်းသိ
တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ ညက်ညက်ကျေ
တစ်ယောက်တစ်ဖက်၊ ကျောင်းသားလက်
တရားဖက်တော့ အမျက်ပြေ
တရားလိုလျှင် ရုံးကိုကပ်၊ စကားလိုလျှင် ထုံးကိုမှတ်
တရားလက်လွတ် ငှက်တောင်ကျွတ်
တစ်ရပ်တည်းနေ၊ တစ်ရေတည်းသောက်
တရုတ်ပြည်အပ်ရောင်း
တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်
တစ်သားမွေး တစ်သွေးလှ
တစ်သက်လုံးစားသည့်အစာ၊ သံပရာတစ်ခြမ်းနဲ့ချေ
တစ်သက်လုံးဖုံးသမျှ၊ ကုန်းတော့မှပေါ်
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ
တူရွင်းလို တူးရင်းထက်
တောခွေး ကျားမကြောက်
တောစကားတောပျောက်
တောစပါးလို၊ အိမ်စပါးနှင့်ရင်း
တောဆင်ခမည်းပေး
တော်မီးလောင်၊ တောကြောင်လက်ခမောင်းခတ်
တော်သားရဲ၊ ဆွဲထုတ်
တော်သစ်ပွင့်ကို တောသစ်ခက်နဲ့ချူ
တော်မကျိုး ယုန်သိ၊ ယုန်အကျိုး တောသိ
တော်သလင်းနေ၊ ပုဇွန်သေ
တံငါကို ပိုက်ထိုးသင်
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး
တို့ ဘုရား၊ မယားဖက်ခတ်ပါပါ
တက်ကောင်းမှလှေပြေး
တက်ကပ်မှာပညာ၊ ဆုတ်ကပ်မှာဥစ္စာ
တပ်မဲ့မီးစ၊ စဖိုမှာရဲရဲ
တင်တော့ဘုရား၊ စားတော့ရွှေကျီး
တင်းလွန်းလျှင်ပြတ်၊ လျော့လွန်းလျှင်ပက်
တည်မိသည့်ဘုရား၊ လင်းတနားနား
တန်ဖိုးထက်လက်ခကြီး
တန်လျှင်ဆေး၊ လွန်လျှင်ဘေး
တပ်ပျက်ဗိုလ်ခန့် 
တိတ်တိတ်နေသော် ထောင်တန်၏
တိမ်ယောင်နှင့်နက်
တုံးဆိုတိုက်၊ ကျားဆိုကိုက်
တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီးလှေအောက်
တောင်ငူလည်း တောင်ငူ၊ မောင်းထောင်းလည်း မောင်းထောင်း
တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်
တောင်မင်းမြောက်မင်း မကယ်နိုင်
တောင်ယာရှင်မျောက်မင်း၊ အိမ်ရှင်ဧည့်မောင်း
တောင်လဲရာ မြက်ပြတ်
တောင်အတက် လှည်းစည်းကုံးပြတ်
တောင်းဆိုးပလုံးဆိုးသာ ပစ်ရသည်၊ သားဆိုးသမီးဆိုး ပစ်ရိုးမရှိ
တပည့်ရှာ ဆရာတွေ့ 
တလွဲဆံပင်ကောင်း
တောကြောင့် ကျားလုံ၊ ကျားကြောင့် တောလုံ
တံခွန်မလွှား၊ ရထားမတင့်
တောက်မည့်မီးခဲ အရှိန်နှင့်ရဲရဲ
တိုက်ဖန်များ သစ်ငုတ်ပင်နဲ့ သေး
တောင်ဝှေးလဲတော့ ဖိုးသူတော်ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်
တစ်ရွာတစ်ကျီဆောက်
တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနဲ့ ယူသော်ရ၏
တစ်ရွာပြောင်းမှ၊ သူကောင်းကျွန်စော်နံ
တစ်လင်နေပွေးနှင့်၊ တစ်လင်နေကြွေးနှင့်
တစ်နေ့ လုံးကတော်ပေမဲ့ ဥတော့တစ်လုံး
တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်း
တိုင်း၍ရက်သည့်ကပလာ၊ မိုးရွာသည်နှင့်မခန့် သင့်
တစ်ကောင်ရ ငါ့သမီးရှင်ထွေး
တစ်တိတစ်တိနှင့် ငပိကျီးချီ
တစ်တော်စောင့်သည် ခြေတိုင်ကုပ်ကား၊ တစ်အိုင်စောင့်သည် ငါးရံ့ တင်ပြောက်
တစ်ယောက်မ တန်ကြောင့် တစ်အိုးလုံး ပျက်
တစ်လှေးတည်းစီး၊ တစ်ခရီးတည်းသွား
တုတ်ကမမှန်၊ ကြက်ကမှန်
တောင်းမှာအကွပ်၊ လူမှာအ၀တ်
တောင်းလျှင်မုန်း၊ ပေးလျှင်ဆုံး
"ထ"
ထင်သာထင်၊ မ၀င်ဘူးကျောင်းအမ
ထန်းပလပ် နတ်ရုပ်ထင်
ထန်းရေမူး ကျွဲခိုးပေါ်
ထန်းပင်ကို ထန်းရွက်လုံအောင်မိုးနိုင်
ထန်းရေမူးပြေ၊ ထန်းပင်မော့်ကြည့်
ထန်းသမားစားဖို့ ၊ ထန်းနို့ ကရေထွက်
ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်
ထိပ်ပုတ်ပြီးမှကန်တော့
ထမင်းကိုကုန်အောင်စား၊ စကားကိုကုန်အောင်မပြောနှင့်
ထမင်းကြမ်းခဲသာမြင်၊ တုတ်ကိုမမြင်
ထမင်းတစ်လုတ်၊ တုတ်တစ်ချက်
ထမင်းနှဲနှစ်ဇွန်းကူသောက်
ထမင်းရေပူလာ၊ လျှာလွဲ
ထလွန်းလျှင် ထိုင်ရတတ်သည်
ထီးတင်ပွဲလဲမမီ၊ ဘတော်ပျံလဲမမီ
ထုလေမာလေ၊ ငါဖယ်တေ
ထုဥသျှစ်လည်းကွဲ၊ ခံဥသျှစ်လည်းကွဲ
ထူးလျှင်ထူးမှ၊ ရူးလျှင်ရူးမှ
ထိုးမည့်ဆင်နောက်ဆုတ်
ထင်ပေါ်လျှင် ဆင်တော်ကကောက်
ထောင်တန်စကား ရယ်ပေါ့
ထောင်မြင်ရာစွန့် 
ထောင်းသော်မနာ၊ ကြိတ်သော်နာ
ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ
ထွေးပြီးသားတံတွေး ပြန်မမျို
ထွက်ပြီးသားဆင်ဆွယ်၊ ပြန်ဝင်တယ်မရှိ
ထမင်းကြမ်းက အငွေ့ ထွက်ချင်
ထောပတ်ကောင်း စလောင်းနှင့်ထည့်
ထင်းခွေမကြုံ၊ ရေခပ်ကြုံ
ထန်းလျက်ဝယ်ရာ တည်သီးကန့် လန့် ကန့် လန့် 
ထမ်းပိုးထက် လက်ခကြီး
"ဒ"
ဒီပုတ်ထဲက ဒီပဲ
ဒီယုန်မြင်လို့  ဒီချုံထွင်
ဒူးနေရာဒူး၊ တော်နေရာတော်
ဒူးလောက်ရင်းမှ ရင်လောက်ကျ
ဒေါင်းတုလို့  စာသငယ်လှမ်း
ဒေါသရှေ့ ထား၊ မှားတတ်
ဒန့် ကျွဲပင်နား၊ ပေါက်ပင်
ကျန်တဲ့ အက္ခရာများ ကိုလည်း တင်ပေးချင်ပါ သေးတယ် ရှည်လွန်နေ လို့ နောက်မှတင်ပေးပါတော့ မယ်..............မှတ်သား စရာ များ အဖြစ်ရယူနိုင်တယ်ဆိုရင် ပဲ ကြေနပ်ပီတိဖြစ်မိပါ တယ် ဗျာ............လေးစားစွာဖြင့်
အချစ်ပုံပြင်(သို့)ချစ်ခြင်းဒိုင်ယာရီ(၂)
2.10.2008ဆိုတဲ့ရက်စွဲလေးတစ်ခုမှာသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွား ကြတယ်၊ကောင်လေးကကောင်မလေးကိုအရမ်းချစ်ခဲ့တယ်၊ကောင်မလေး
ကကောင်လေးကို  …………………………………………………………………… ………………………..သူတို့ နှစ်ယောက်ချစ်သူတွေဖြစ်သွားကြတဲ့အချိန်မှာ
 ကျောင်းသားဘ၀ရဲ့ကျောင်းတတ်ချိန်ဟာနှစ်လ၊သုံးလလောက်ပဲရှိတော့ တယ်၊ကျောင်းမှာဆိုရင်သူတို့အတွဲကိုလူတိုင်းလိုလိုသိကြတယ်။
တစ်ချို့  သောရက်တွေမှာဆိုရင်ကျောင်းကိုတစ်ပိုင်းပဲတတ်ပြီးနေ့ တစ်ဝက်
ကိုသူတို့  နှစ်ယောက်စွန့် စွန့် စားစားပြေးတတ်ကြတယ်၊ကျောင်းပြေးပြီးသွား
တဲ့နေရာ လေးကတစ်နေရာပဲရှိတယ်။`ကင်းဆိပ်ဘုရား’အဲဒီဘုရားမှာသူ့ တို
့  နှစ် ယောက်ပျော်စရာကမ္ဘာလေးတွေကိုဖန်တီးကြတယ်၊ဘုရားရောက်
ရင်ငြင်းခုန်ကြတဲ့ကိစ္စတစ်ခုရှိတယ်၊ဘုရားပေါ်ကလှမ်းကြည့်ရင်ကန်ရေပြင်ရယ်မြေနီ လမ်းရယ်လယ်ကွင်းတွေရယ်ပြီးတော့ရထားလမ်းတစ်ခုရှိတယ်။ကောင်လေး
နဲ့ကောင်မလေးကငြင်းခုန်တဲ့ကိ စ္စကရထားဘီးကိစ္စပါ။
 ကောင်လေးကပြောတယ်ရထားဘီးကတာယာဘီး
တဲ့အဲတော့ကောင်မလေးကမဟုတ်ဘူးတဲ့ဒီလိုနဲ့ ပဲရထားဘီးကိစ္စငြင်းခုန်ကြရင်း
ရယ်မောစွာချစ်ခဲ့ ကြတယ်။ခရေချစ်တဲ့ကောင်မလေးနဲ့ကောင်လေးဟာအရမ်းလည်း 
        ဆော့တယ်၊ကမ္ဘာလုံးဘုရားမှာထိုင်ရတာအားမရလို့ ငှက်ကလေးတွေလိုပဲ သစ်ပင်ပေါ်မှာတတ်ထိုင်ကြတယ်ကောင်မလေးကစကတ်လေးတွေ
ကိုခုံခုံမင်မင်ဝတ်တတ်တယ်ကောင်လေးကမိန်းကလေးပြီသအောင်
ထဘီဝတ်လားလို့     ပြောလိုက်တဲ့နေ့ ကကောင်မလေး
ဟာယောဂီရောင်ထဘီလေးနဲ့ အရမ်း  လှတာကောင်လေးရဲ့ရင်ထဲမှာဘယ်တော့မှမမေ့နိုင်အောင်ပါပဲ။
ဒီလိုနဲ့ အချိန်တွေတစ်ရက်ပြီးတစ်ရက်ချစ်ခဲ့ကြတာတစ်လပြည့်တဲ့နေ့ မှာ
 ကောင်လေးကကောင်မလေးကိုဖြတ်စာပေးခဲ့တယ်ဘာလို့ လဲဆိုတော့
 ကောင်လေးကကောင်မလေးကိုအရမ်းချစ်လို့  ၊အချစ်ရေးကိစ္စတွေမှာစိတ် များလာရင်ဆယ်တန်းစာမေးပွဲကျသွားမှာစိုးလို့ တဲ့ဗျာ၊ကောင်လေးကသူရဲ့ အသဲတွေအကြွေခံပြီးကောင်မလေးကိုဖြတ်စာပေးခဲ့တယ်၊ကောင်လေးမှား
သွားပြီလား……………? ဖြတ်စာပေးပြီးနောက်တစ်နေ့ မှာတော့ကောင် မလေးကကောင်လေးကိုတွေ့ နေကြနေရာလေးမှာစပြီးချိန်းတယ် ။ အဲဒီနေ့  ကကောင်လေးက7မိနစ်စောပြီးရောက်တယ်ကောင်မလေးက12နောက် ကျပြီးရောက်လာတယ်၊ကောင်မလေးကောင်လေးကိုပြောတယ်ဖြတ် စာပေးတာတကယ်လားတဲ့အဲဒီမှာကောင်လေးကမျက်ရည်တွေကျလာ ပြီးငိုတယ်ကောင်မလေးကလည်းငိုတယ်အဲဒီနေ့ မှာသူတို့ နှစ်ယောက်ဖက် ပြီးပြိုင်တူငိုကြတယ်ဒီလိုနဲ့ သူတို့ နှစ်ယောက်ဆက်ပြီးချစ်သွားကြတယ် သူတို့ နှစ်ယောက်ရဲ့ကမ္ဘာလေးမှာအမြဲတမ်းလိုလိုတွေ့ ဖြစ်ကြတယ်၊  ခရေတွေကိုချစ်တဲ့ကောင်မလေးအတွက်ကောင်လေးဟာခရေပွင့်လေးတွေ
 ကောက်ပြီးလက်ဆောင်ပေးတယ်နောက်တော့ကောင်မလေးကပြောတယ် ခရေပွင့်လေးတွေကိုနမ်းပြီးအိပ်လို့ ကောင်လေးနဲ့ အိမ်မက်ထဲမှာအမြဲ တမ်းတွေ့ တယ်တဲ့။
တစ်ခွန်းပြောတယ်၊ကောင်လေးဟာအဲဒီစကားလေးကိုအမြဲတမ်းမှတ်ထားတယ်၊၊
                                              ရှေ့ဆက်ရန်.............
အချစ်ပုံပြင်(သို့)ချစ်ခြင်းဒိုင်ယာရီ(၁)
ခရေချစ်တဲ့ကောင်လေးရယ်……….ကောင်မလေးရယ်……ပြီးတော့
..လမ်းခွဲခဲ့ကြတယ်???
                ဘာကြောင့်လဲ?
                ဘာဖြစ်လို့လဲ?
ဖြူစင်တဲ့ကျောင်းကြီးရဲ့အရိပ်အောက်မှာခရေပွင့်လေးတွေကိုချစ်
တဲ့ကောင်မလေးရယ်ကောင်လေးတစ်ယောက်ရယ်ဟာတစ်ယောက်
ကိုတစ်ယောက်အ ရမ်းကိုချစ်ခဲ့ကြတယ်။ကောင်လေးကအရင်ကဆိုရည်စားတွေအများကြီးရှိ တယ်။ခရေပွင့်လေးတွေကိုချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ကောင်မလေးကို
အရမ်းနဲ့မြတ်မြတ်နိုးနိုးချစ်ခဲ့မိတယ်။
အဲဒီကောင်မလေးကိုချစ်မိသွားတဲ့အချိန်ကစပြီးကောင်လေး ဟာအရှုပ်တွေအကုန်ရှင်းပစ်ခဲ့တယ်။ဘာလို့ လဲဆို တော့အဲဒီကောင်လေး
ဟာခရေပွင့်လေးတွေကိုချစ်တတ်အောင်သင်ပေးတဲ့
 ကောင်မလေးကိုမပြောင်းလဲသောချစ်ခြင်းတရားတွေနဲ့ ချစ်မိသွားလို့ ပါပဲ။ ခရေပွင့်တွေကိုခုံခုံမင်မင်ချစ်တတ်တဲ့ကောင်မလေးနာမည်က
ချစ်စရာအရမ်းကောင်းတယ်၊လှလည်းလှတယ်။သူချစ်တဲ့ခရေပွင့်လေတွေကို
ပွင့်စေနိုင်တဲ့အစွမ်းသတ္တိပါတဲ့နာမည်လေးပါ။သူ့  နာမည်က `နှင်းပွင့်ဖြူ’ တဲ့ ခရေ ပွင့်လေးတွေဟာနှင်းပွင့်လေးတွေနိုးထမှပွင့်ကြရတာလေ၊အင်္ဂလိပ်လိုက တော့ snowတဲ့အရမ်းလှတဲ့နာမည်လေးနော်၊ နာမည်မှမဟုတ်ပါဘူး လူက လည်းချစ်စရာကောင်းတဲ့အပြုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့အပြုံးဘုရင်မ
 လေးတစ်ပါးပါ။